ဒီအကြောင်းအရာမှာတော့ Page တစ်ခုကို Username ဘာကြောင့်ထည့်သင့်လဲဆိုတာနဲ့ Username ထည့်တဲ့အခါ ဘာတွေအကျိုးရှိစေမယ်ဆိုတာ အသေးစိတ်ရှင်းပြပေးထားတာဖြစ်ပါတယ်။
အသေးစိတ်ကို အောက်ပါ Video တွင်ကြည့်ပါ။
ဒီအကြောင်းအရာမှာတော့ Page တစ်ခုကို Username ဘာကြောင့်ထည့်သင့်လဲဆိုတာနဲ့ Username ထည့်တဲ့အခါ ဘာတွေအကျိုးရှိစေမယ်ဆိုတာ အသေးစိတ်ရှင်းပြပေးထားတာဖြစ်ပါတယ်။
အသေးစိတ်ကို အောက်ပါ Video တွင်ကြည့်ပါ။
Facebook Account ကနေ Page အဖြစ်ပြောင်းတဲ့အခါ အကောင့်ထဲမှာရှိတဲ့ Friend & Follower အရေအတွက်အတိုင်း Page မှာရအောင် ပြောင်းတဲ့နည်းလေးဖြစ်ပါတယ်။
အပြည့်အစုံကို အောက်ပါ Video တွင်ကြည့်နိုင်ပါသည်။
ကျွန်တော်တို့ ဗျည်းတွေနဲ့ သရတွေကို လေ့လာပြီးပြီဖြစ်တာကြောင့်
ယခုသင်ခန်းစာမှာတော့ ဗျည်းတွေနဲ့ သရတွေကို ပေါင်းစပ်ပြီး အသံထွက်မှာဖြစ်ပါတယ်။
ယခုသင်ခန်းစာမစခင်မှာ သရစုစုပေါင်း ၂၁ လုံးရှိတဲ့အထဲကမှ မူရင်းသရ
၁၀ လုံးအကြောင်းကို အရင်ပြောကြရအောင်ပါ။ မူရင်းသရဟာ ၁၀ လုံးရှိပြီး ယင်း ၁၀ လုံးကို
သံပေါ့သရနှင့် သံပြင်းသရဟူ၍ နှစ်မျိုးခွဲနိုင်သည်။ အလွယ်မှတ်ရလျှင်
အ အသံရှိသော သရကို သံပြင်းသရဟုမှတ်နိုင်ပြီး
ယ အသံရှိသောသရကို သံပေါ့သရဟု
မှတ်နိုင်သည်။
သံပြင်းသရနှင့် ဗျည်းများပေါင်းစပ်သည့်အခါတွင် အသံတစ်သံသာထွက်ပါသည်။
သံပေါ့သရနှင့် ဗျည်းများပေါင်းစပ်သည့်အခါတွင်မူ ㄴ/ㅁ/ㅂ/ㅅ/ㅍ/ㅃ/ㅆ ဗျည်းများသည် အသံတစ်သံသာထွက်ပြီး ကျန်ဗျည်းများမှာ အသံနှစ်သံထွက်သည်။
ယခုသင်ခန်းစာတွင် သံပြင်းသရများနှင့် ဗျည်းများ ပေါင်းစပ်အသံထွက်ပုံကို
သင်ကြားရမည်ဖြစ်ပါသည်။
အသေးစိတ်ကို အောက်ပါ Video တွင်ကြည့်နိုင်ပါသည်။
ယခုသင်ခန်းစာကတော့ ပွားသရ (ပေါင်းစပ်သရ)များအကြောင်း ဖြစ်ပါတယ်။
သရများသည် စုစုပေါင်း ၂၁ လုံးရှိရာ မူရင်းသရ ၁၀ လုံးကို ယခင် ပြီးခဲ့သောသင်ခန်းစာတွင် ဖော်ပြခဲ့ပြီးဖြစ်သဖြင့် ယခုသင်ခန်းစာတွင် ကျန်ရှိနေသော ပွားသရ (ပေါင်းစပ်သရ) များကိုဖော်ပြပါမည်။
ကိုရီးယားဘာသာစကားတွင် ပွားသရ ၁၁ လုံးရှိပါသည်။ ၄င်း ပွားသရများသည် မူရင်းသရများကို ပေါင်းစပ်ခြင်းမှ ဖြစ်ပေါ်လာခြင်းဖြစ်ပါသည်။ ပွားသရ ၁၁ လုံးမှာ
ㅐ - အာ + အီ = အယ်
ㅔ - အော + အီ = အဲ
ㅖ - ယော + အီ = ယဲ
ㅘ - အို + အာ = ဝါ
ㅙ - အို + အယ် = ဝဲ
ㅚ - အို + အီ = ဝယ်
ㅝ - အူ + အော = ဝေါ
ㅞ - အူ + အဲ = ဝယ်
ㅟ - အူ + အီ = ဝီ
ㅢ - အု + အီ = အွီ
တို့ဖြစ်ကြပါသည်။
အသေးစိတ် ဆွဲသားနည်းနှင့် အသံထွက်ပုံနည်းစနစ်များကို အောက်ပါ Video တွင် အပြည့်အစုံ ကြည့်နိုင်ပါသည်။
ဤသင်ခန်းစာသည် ကိုရီးယားဘာသာစကားလေ့လာလိုသူများအတွက် ပထမဆုံးလေ့လာရမည့်သင်ခန်းစာဖြစ်ပါသည်။ (အောက်ဆုံးတွင် Youtube Video တွင် အသေးစိတ်ရှင်းပြထားပါသည်။)
![]() |
ပုံကိုနှိပ်၍လည်း Video တန်းကြည့်နိုင်ပါသည်။ |
ကိုရီးယားဘာသာစကားတွင် ဗျည်း စုစုပေါင်း ၁၉ လုံးရှိသည်။
မူရင်းဗျည်းသည် ၁၄ လုံးရှိပြီး ယင်းမူရင်းဗျည်းများကို ပေါင်းစပ်၊ပွားထုတ်ကာ ရရှိလာသော ပွားဗျည်း (ပေါင်းစပ်ဗျည်း) မှာ ၅ လုံးရှိပါသည်။ ဗျည်းများကို ဆွဲသားရာတွင် ဘယ်မှာညာ ၊ အပေါ်မှအောက် နည်းစနစ်ဖြင့်သာ ဆွဲသားရပြီး ၊ နည်းစနစ်မှန်ကန်ရန်လိုအပ်ပါသည်။ (Video ထဲတွင် အသေးစိတ် ဆွဲပြပေးထားပါသည်။)
မူရင်းဗျည်း ၁၄ လုံးမှာ ,,,
ㄱ ဂ
ㄴ န
ㄷ ဒ
ㄹ ရ/လ
ㅁ မ
ㅂ ဘ
ㅅ စ
ㅇ အ
ㅈ ဂျ
ㅊ ချ
ㅋ ခ
ㅌ ထ
ㅍ ဖ
ㅎ ဟ
တို့ဖြစ်ကြပြီး၊
ပွားဗျည်း (ပေါင်းစပ်ဗျည်း) ၅ လုံးမှာ ,,,
ㄲ က
ㄸ တ/သ
ㅃ ပ
ㅆ ဆ
ㅉ ကျ
တို့ဖြစ်ကြပါသည်။
ဆွဲသားနည်းနှင့် အသံထွက်ပုံအသေးစိတ်ကို အောက်ပါ Video တွင်ကြည့်နိုင်ပါသည်။
Video 1
Learn Korean Language With Us & Make It Easy.
ကိုရီးယားဘာသာစကား သင်ခန်းစာများကို အခြေခံအရေးအသားမှစကာ စနစ်တကျ အခမဲ့သင်ကြားပေးနေသော Page/Blog ဖြစ်ပါသည်။ ထိုနည်းတူ ကိုရီးယားဘာသာစကားသာမက ကိုရီးယားနိုင်ငံနှင့် ပတ်သတ်သော ဗဟုသုတ အကြောင်းအရာများကိုလည်း ဝေမျှပေးနေပါတယ်။ Youtube Channel တွင်လည်း Video များ တင်ပေးနေတာကြောင့် စိတ်ဝင်စားသူများဝင်ရောက်ကြည့်ရှုနိုင်ပါတယ်။
Learn Korean Language With Us & Make It Easy. ကိုရီးယားဘာသာစကား သင်ခန်းစာများကို အခြေခံအရေးအသားမှစကာ စနစ်တကျ အခမဲ့သင်ကြားပေးနေသော Page...