ဤသင်ခန်းစာသည် ကိုရီးယားဘာသာစကားလေ့လာလိုသူများအတွက် ပထမဆုံးလေ့လာရမည့်သင်ခန်းစာဖြစ်ပါသည်။ (အောက်ဆုံးတွင် Youtube Video တွင် အသေးစိတ်ရှင်းပြထားပါသည်။)
![]() |
ပုံကိုနှိပ်၍လည်း Video တန်းကြည့်နိုင်ပါသည်။ |
ကိုရီးယားဘာသာစကားတွင် ဗျည်း စုစုပေါင်း ၁၉ လုံးရှိသည်။
မူရင်းဗျည်းသည် ၁၄ လုံးရှိပြီး ယင်းမူရင်းဗျည်းများကို ပေါင်းစပ်၊ပွားထုတ်ကာ ရရှိလာသော ပွားဗျည်း (ပေါင်းစပ်ဗျည်း) မှာ ၅ လုံးရှိပါသည်။ ဗျည်းများကို ဆွဲသားရာတွင် ဘယ်မှာညာ ၊ အပေါ်မှအောက် နည်းစနစ်ဖြင့်သာ ဆွဲသားရပြီး ၊ နည်းစနစ်မှန်ကန်ရန်လိုအပ်ပါသည်။ (Video ထဲတွင် အသေးစိတ် ဆွဲပြပေးထားပါသည်။)
မူရင်းဗျည်း ၁၄ လုံးမှာ ,,,
ㄱ ဂ
ㄴ န
ㄷ ဒ
ㄹ ရ/လ
ㅁ မ
ㅂ ဘ
ㅅ စ
ㅇ အ
ㅈ ဂျ
ㅊ ချ
ㅋ ခ
ㅌ ထ
ㅍ ဖ
ㅎ ဟ
တို့ဖြစ်ကြပြီး၊
ပွားဗျည်း (ပေါင်းစပ်ဗျည်း) ၅ လုံးမှာ ,,,
ㄲ က
ㄸ တ/သ
ㅃ ပ
ㅆ ဆ
ㅉ ကျ
တို့ဖြစ်ကြပါသည်။
ဆွဲသားနည်းနှင့် အသံထွက်ပုံအသေးစိတ်ကို အောက်ပါ Video တွင်ကြည့်နိုင်ပါသည်။
Video 1
No comments:
Post a Comment